ဌာနဆိုင်ရာညွှန်ကြားလွှာများ ( Departmental Instructions - DI-122 )

ဌာနဆိုင်ရာညွှန်ကြားလွှာများ ( Departmental Instructions - DI-122 )

 

ဌာနဆိုင်ရာညွှန်ကြားလွှာများ ( Departmental Instructions - DI-122 )

       သစ်ထုတ်ရေးဌာနသည် ရေရှည်တည်တံ့သောသစ်တောစီမံအုပ်ချုပ်ခြင်းစနစ် ( Sustainable Forest Management - SFM )နှင့် အညီ သစ်တောဦးစီးဌာနမှ မှတ်ရိုက် ပေးထားသော ကျွန်း၊ သစ်မာ၊ ကျွန်းပယ်သစ်နှင့် အခြားသစ်တောထွက်ပစ္စည်းများကိုထုတ်လုပ်ပြီး ပြည်သူလူထု၏ အခြေခံ-စားဝတ်နေရေးလိုအပ်ချက်များအား တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးနေရုံသာမက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်နေရသည့် ဌာနအဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါသည်။

 

ထိုသို့ဆောင်ရွက်ရာ၌ သစ်တောဦးစီးဌာနမှချမှတ်ထားသော သစ်တော ဥပဒေစည်းကမ်းများ၊ ညွှန်ကြားချက်များကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိုသက်သာစေသောသစ်ထုတ်ခြင်း နည်းစနစ် လမ်းညွှန်ချက်များကိုလည်းကောင်း၊ အုပ်ချုပ်မှုဆိုင်ရာ မြို့ပြဥပဒေ စည်းကမ်းများနှင့် ညွှန်ကြားချက်များကိုလည်းကောင်း လိုက်နာ၍ လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်ရပါသည်။ စည်းကမ်းဘောင်များ အတွင်းမှ လုပ်ကိုင်ဆောင်ရွက်နေသော်လည်း အချို့သောကိစ္စများတွင် အားနည်းချက်များ ရှိလာတတ်ပါသည်။ ယင်းသို့သော အခြေအနေများ ပေါ်ပေါက်သည့်အခါများတွင် လည်းကောင်း၊ မပေါ်ပေါက်မီ ကြိုတင်ကာကွယ်သည့် အနေဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာ ညွှန်ကြားလွှာများ ထုတ်ပြန်၍ လိုက်နာဆောင်ရွက်စေခဲ့ပါသည်။

 

      သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် သစ်ထုတ်ရေးဌာနလက်အောက်ရှိ ဝန်ထမ်းများအားလုံး လက်တွေ့လုပ်ငန်းဆောင်ရွက်ရာ၌ သိရှိလိုက်နာကျင့်သုံးနေရသည့် ဌာနဆိုင်ရာ ညွှန်ကြားလွှာများ ( Departmental Instructions - DI-122 ) စာအုပ်ပါညွှန်ကြားချက်များကို ဖတ်ရှုလေ့လာ သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

 

© 2026   Myanma Timber Enterprise. All Rights Reserved.